Main menu

ကုန်အညွှန်းအမှတ်အသားများပြည့်စုံစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  ၂၂.၂.၂၀၂၃  ရက်နေ့တွင် ကလေးမြို့၊ ပင်လုံရပ်ကွက်အတွင်း ရောင်းချနေသည့် ကုန်မျိုးစုံဆိုင်သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဆောင်ရွက်ရာတွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက် ရှိသောကြောင့် ကလေးမြို့ပေါ်တွင်ရောင်းချနေသည့် ကုန်စည်များအနေဖြင့် ကုန်အညွှန်းအမှတ် အသားများဖော်ပြပါရှိမှု များပြားလာခဲ့ပြီး စားသုံးသူများအနေဖြင့်လည်း ရွေးချယ်ဝယ်ယူအသုံးပြုမှု ပိုမိုများပြားလာပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)