ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဒု-ခရိုင် ဦးစီးမှူးသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အမှတ်(၂)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် ဒု-ခရိုင်ဦးစီးမှူး ဦးမြင့်အောင်ကစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိစေရေးနှင့်သတ်မှတ်စံချိန်စံညွှန်းပြည်မီရေး၊ အချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိစေရေးတို့ကိုစစ်ဆေးခဲ့ပြီးနောက် လုပ်ငန်းရှင်များအား တရားမဝင်စက်သုံးဆီ/ချောဆီ များတင်သွင်းရောင်းချခြင်းမပြုကြရန်၊ ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့်ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးဖော်ဆောင်ကြရန်နှင့်စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုလိုက်နာကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)