Main menu

ရေလဲကလေးကျေးရွာ သီရိရတနာဈေးရှိ ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူး၊ ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် ရေလဲကလေးရွာရှိ သီရိရတနာဈေးမှကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်(၉)ဦးအား  (၂၀.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေလဲကလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူးက၊ စားသုံးသူကာကွယ်ရေး အသိပညာပေးရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁)အရ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေတစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း/ ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်သည် မိမိရောင်းချသောကုန်စည်သို့မဟုတ် ဝန်ဆောင်မှုစပ်လျဉ်း၍ အာမခံချက်ပေးရမည့် (၇)ချက် ဖြစ်သည့် စားသုံးသူလက်ခံသုံးစွဲနိုင်သောအရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့်အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူလိုအပ်ချက်အတွက်သင့်လျော်မှုရှိခြင်း၊ နမူနာပစ္စည်းတွင်ဖော်ပြလိုသည့်အတိုင်းတူညီစွာပါရှိခြင်း၊ အာမခံချက်ပေးထားသည့်ကာလ သို့မဟုတ် အသုံးပြုနိုင်မည့်ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း သို့မဟုတ် လဲလှယ်နိုင်ခြင်း၊ ကုန်အညွှန်းအမှတ်အသားပါအချက်အလက်၊ ကြော်ငြာကမ်းလှမ်းချက် သို့မဟုတ် အရောင်းမြှင့်တင်ခြင်းတွင်ပါဝင်သော ဖော်ပြချက်နှင့်ကိုက်ညီမှုရှိခြင်းတို့ကို အပြည့်အဝအာမခံနိုင်ရမည်ဖြစ်ကြောင်း၊ အဆိုပါ ကုန်စည်နှင့်စပ်လျည်း၍ အာမခံထားမှုအပေါ် စားသုံးသူကအခွင့်အရေး တောင်းဆိုပိုင်ခွင့်ရှိပါကြောင်းနှင့်စားသုံးသူသည် နစ်နာဆုံးရှုံးမှုရှိလာပါကစားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ပါကြောင်းတို့ကို တိုင်ကြားလာသည့်ဖြစ်စဉ်များ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့ရသည့် ဖြစ်စဉ်များဖြင့် ဥပမာပေး၍ အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးအသိပညာ ပေးခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)