Main menu

မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show   ပြုလုပ်

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊   စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်သည် (၂၃.၂.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူအသိပညာပေး  Talk  Show အားပြုလုပ်ခဲ့ပါသည်။

          ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးကစားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားလည်းကောင်း၊စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံကဌာန၏မျှော်မှန်းချက်၊ရည်မှန်းချက်များအားလည်းကောင်း၊စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)ပါစားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့်ပြစ်မှုပြစ်ဒဏ်များ၊တားမြစ်ချက်များအားလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု(သို့)တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေရေးသားဖော်ပြကြရန်လည်းကောင်း၊ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ် ထားသည့်ဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ကြရန်လည်းကောင်း ၊ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်းဆောင်ရွက်နိုင်၍ စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးများနှင့်စားသုံးသူရေးရာဦးစီး ဌာနရုံးချုပ်၏ www.doca.gov.mm website တွင် ဝင်ရောက်လေ့လာကြပါရန်လည်းကောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC သို့လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေတိုင်ကြားနိုင်ရန်လည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)