Main menu

လွိုင်ကော်မြို့ပေါ်ရှိဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက် ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်၊ မင်္ဂလာရပ်ကွက်နှင့် ရွှေတောင်ရပ်ကွက်ရှိ စိုက်ပျိုးရေးသုံးပစ္စည်းဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဆိုင်များသို့ကုန်စည် များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်‌ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် စိုက်ပျိုးရေးသုံးပစ္စည်းဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးရောင်းချသောအရောင်းဆိုင်များတွင် စိုက်ပျိုးသူတောင်သူများဘေးကင်းလုံခြုံမှုရှိ စေရန် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များကို မြန်မာစာဖြင့် တိကျစွာဖော်ပြထားသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကိုသာ အများဆုံးတင်သွင်းရောင်းချသည်ကိုစစ်ဆေးတွေ့ ရှိခဲ့ရပါသည်။ ထို့နောက် သက်ဆိုင်ရာဌာနက တားမြစ်ပိတ်ပင်ထားသော ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေးများအား တင်သွင်းရောင်းချခြင်းမပြုကြရန်၊ တရားဝင်မှတ်ပုံတင်ထားသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကိုသာ တင်သွင်းရောင်းချကြရန်နှင့် ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်း အမှတ်အသားတွင်ဖော်ပြထားသည့် အချက်အလက်များနှင့်  ကိုက်ညီမှုမရှိသောကုန်စည်များကို ရောင်းချခြင်းနှင့် ကုန်သွယ်ခြင်းမပြုကြရန်၊ သတ်မှတ်ချက် နှင့်မကိုက်ညီသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ဈေးကွက်အတွင်းတွေ့ရှိပါက စိုက်ပျိုးရေးဦးစီးဌာန၏ ဥပဒေအရသော်လည်း ကောင်း၊စားသုံးသူကာကွယ်ရေးဥပဒေအရသော်လည်းကောင်းအရေး ယူခံရနိုင်ကြောင်း စိုက်ပျိုးရေး သုံးပစ္စည်းဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေးရောင်းချသော အရောင်းဆိုင် (၃)ဆိုင်အား အသိပညာပေး ဆောင်ရွက်ခဲ့မှုကြောင်းသတင်းရရှိပါသည်။

DOCA(ကယား)