Main menu

Thursday Talk အခမ်းအနား၌ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးက  စာကြည့်တိုက်တန်ဖိုးခေါင်းစဉ်ဖြင့် ဆွေးနွေးလမ်းညွှန်မှုပြုလုပ်

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မား၍ အသိပညာဗဟုသုတကြွယ်ဝစေရန်နှင့် ဌာန၏ လုပ်ငန်းများ လုပ်ကိုင်ရာတွင် ကျွမ်းကျင်မှုရှိစေရန်ရည်ရွယ်၍ နှစ်ပတ်လျှင် ( ၁ )ကြိမ် Thurday Talk အခမ်းအနား ပြုလုပ်၍ အသိပညာဗဟုသုများဆွေးနွေးခြင်းကို စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်လျက်ရှိပါသည်။

          (၂၃.၂.၂၀၂၃) ရက်နေ့က တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်မုံရွာခရိုင်ရုံးရှိ ဝန်ထမ်းများကို “စာကြည့်တိုက်တန်ဖိုး” ခေါင်းစဉ်ဖြင့် သိကောင်းစရာ စာအုပ်စာပေဗဟုသုတများအကြောင်း လမ်းညွှန်ဆွေးနွေးခဲ့ရာ စာအုပ်စာပေလူ့မိတ်ဆွေ၊ စာဖတ်ခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာကြည့်တိုက်သက်ဝင်လှုပ်ရှားနေစေရေး ဆောင်ရွက်ရမည့်အချက်များကို အကျယ်တဝင့်ဆွေးနွေးခဲ့ပါကြောင်းနှင့်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်မုံရွာခရိုင်ဦးစီးမှူးရုံးမှ  ဝန်ထမ်းအင်အား ( ၃၅ )ဦး တက်ရောက်ခဲ့ပြီးဝန်ထမ်းများ၏ သိရှိလိုသည့်မေးမြန်းချက်များကို ဆွေးနွေးလမ်းညွှန်မှုပြုကာ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)