Main menu

Popular သောက်ရေသန့်ထုတ်လုပ်ရေး စက်ရုံတွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

  ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အမှတ်(၃) ရပ်ကွက်အတွင်းရှိ Popular အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေး စက်ရုံအား ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိရေးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်ရေး စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဈေးကွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် Popular အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေး လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်အား ပြုလုပ်လျှောက်ထားဆဲဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

 ဆက်လက်၍ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ"စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)