Main menu

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်ပြည်သူများအား ရန်ပုံငွေ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

Powered by Drupal

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ (၁၀.၂.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် စီးပွားရေးနှင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်ပြည်သူများအား ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားအား ကျင်းပခဲ့ကြောင်း သိရှိပါသည်။ အဆိုပါ အစည်းအဝေးသည် သိန္နီမြို့နယ်အတွင်းရှိ ယခင်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသော ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေများတွင် နွေစပါး၊ အစေ့ထုတ်ပြောင်း၊ ပဲပုတ်၊ ဒေသရှမ်းကြက်သွန်ဖြူများ အထွက်တိုးစိုက်ပျိုးနိုင်ရန်နှင့် ဝက်၊ ကျွဲ၊ နွားများ တိုးချဲ့မွေးမြူနိုင်ရန်တို့အတွက် ပန်လော့ကျေးရွာအုပ်စုနှင့် နားဆော့ကျေးရွာမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တောင်သူများအား တိုးချဲ့လုပ်ကိုင်နိုင်ရေး စုစုပေါင်းငွေကျပ် သိန်း(၆၇၀)ကျပ်အား ပေးအပ်ခဲ့ကြောင်း မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်ထံမှ သိရှိရပါသည်။

DOCA(ရှမ်း)