Main menu

စားသုံးသူရေးရာကော်မတီ အစည်းအဝေး(၁/၂၀၂၃)ကျင်းပခြင်း

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ အစည်းအဝေး( ၁/၂၀၂၃ )ကို (၂၇.၂.၂၀၂၃) နံနက် (၁၀:၃၀)အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာကော်မတီ(၁/၂၀၂၃)အစည်းအဝေး၌ ကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးက အဖွင့်မှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက (၃/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များအား ဆောင်ရွက် ထားရှိမှုအခြေအနေနှင့် အမှာစာများ၊ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ စျေးကွက်စောင့်ကြည့်စစ်ဆေး‌ ခြင်းများ ၊ ကုန်အညွှန်းအမှတ်အသားများ လျှောက်ထားလာမှုများအား စိစစ်တင်ပြအတည်ပြုပေးခဲ့ခြင်းများ၊ စားသုံးသူတိုင်ကြားမှုအား လက်ခံဖြေရှင်းဆောင်ရွက်ခဲ့မှုများနှင့် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများကို Power Point ဖြင့် ဆွေးနွေးတင်ပြခဲ့ကြပါသည်။

  အဆိုပါ အစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင်များက အကြံပြုချက်များအား တင်ပြခြင်း၊ ဆက်လက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင်လည်း အဖွဲ့ဝင်များအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)