Main menu

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ၂၇-၂-၂၀၂၃ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦး ဦးဆောင်၍ ပြည်နယ်၊ ခရိုင်ရှိဝန်ထမ်းများ၊ ဌာနခွဲတာဝန်ခံများနှင့် ဝန်ထမ်းများနှင့်အတူ တွေ့ဆုံ၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ အတွက်  ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

    အခမ်းအနားတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ဝန်ထမ်းများ အလေးထား လိုက်နာဆောင်ရွက်ရမည့် အထက်ဌာနများ၏ လမ်းညွှန်ချက်များကို ထပ်ဆင့် ချပြရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အစီအစဉ်အရ ဌာနခွဲများမှ   ဌာန၏ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များမှ ဌာနခွဲအလိုက် ဆောင်ရွက်မှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး တင်ပြချက်များမှ အားသာချက် အားနည်းချက်များကို သုံးသပ်၍ ရှေ့ဆက်ဆောင်ရွက်ရမည်များကို လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်ပြီး ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ   ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးသည် ရုံးလုပ်ငန်းများ ဆောင် ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် ဝန်ထမ်းထုကြား အခက်အခဲရှိပါက ဖော်ထုတ်၍ အချိန်မီ ပေါင်းစပ်ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲကို အခါအားလျော်စွာနှင့် အနည်းဆုံး တစ်လတစ်ကြိမ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်းနှင့်  ယခုအခမ်းအနားတွင် ပြည်နယ်ဦးစီးမှူးပါ ဝန်ထမ်းစုစုပေါင်း (၁၄) ဦး တက်ရောက်ခဲ့ကြောင်းနှင့် အစည်းအဝေးဆုံးဖြတ်ချက် (၁၀) ချက် ချမှတ်နိုင်ခဲ့ကြောင်း အခမ်းအနားကို (၁၅:၀၀) နာရီအချိန်တွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)