စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၈-၂-၂၀၂၃ရက်နေ့၊ နံနက် (၁၁:၁၅) နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ရေနံ့သာဈေး၌ ဈေးသူ/ ဈေးသားများကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး) က စားသုံးသူကာကွယ်ရေးဥပဒေတွင် အခန်း ၂၅ ခန်းနှင့် ပုဒ်မ ၈၄ ခုရှိပါ ကြောင်း၊ အခန်း (၂)ရှိ ဥပဒေ၏ ရည်ရွယ်ချက်များ၊ အခန်း (၅) ရှိ ဦးစီးဌာန၏ လုပ်ပိုင်ခွင့် နှင့်လုပ်ငန်းတာဝန်များအကြောင်း၊ အခန်း (၉)ရှိ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ အခန်း (၁၀)ရှိ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုသိရှိနားလည်စေရန်ရှင်းလင်းပြောကြားခဲ့ပြီးနောက်၊ ဈေးအတွင်းရှိ ဈေးရောင်းချသူများဘက်ကကြည့်လျှင် စီးပွားရေးလုပ်ငန်းရှင်ဟု ယူဆ၍ရသောကြောင့် မိမိဆိုင်တင်ရောင်းချသောကုန်စည်နှင့်ပတ်သက်၍ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့်အလေးချိန် မှန်ကန်မှုရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသာဆိုင်တင်ရောင်းချစေခြင်း၊ ဟင်းသီးဟင်းရွက်ဆီများရောင်းချရာတွင် ကုန်စည်၏အမျိုးအမည်ဖော်ပြရာ၌ (ဟင်းသီးဟင်းရွက်ဆီ)စားအုန်းဆီ/အဆင့်မြင့်စားအုန်းဆီဟု ရေးထားသောဆီဘူးများကိုသာဝယ်ယူရောင်းချစေလိုကြောင်းနှင့်ဥပဒေပါပြစ်မှု/ပြစ်ဒဏ်များအကြောင်းတို့ကိုပါ အကျယ်တဝင့်ရှင်းလင်းဟောပြောပေးခဲ့ပြီး၊ ဟောပြောပွဲကို နေ့လည် (၁၃:ဝဝ) နာရီတွင် ရုပ်သိမ်းကာဟောပြောပွဲတက်ရောက်သူ (၂၀)ဦးခန့်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)