စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၇-၂-၂၀၂၃ ရက်နေ့၊နံနက် (၁၀:ဝဝ) နာရီအချိန်တွင် ဒေါပုံမြို့နယ်၊ ရတနာဈေး၌ စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပါရှိ သည့် “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောရှင်းလင်း ပြောကြားခဲ့ရာတက်ရောက်သူ (၂၀) ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (ဒု-ကြီးကြပ်ရေးမှူး) က စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း (၁၈) ၊ ပုဒ်မ ၄၁ ရှိ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ ဖော်ပြပါရှိရမည့်အချက်(၈)ချက်အား အသေးစိတ်ရှင်းလင်းခဲ့ပါကြောင်းနှင့်မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပေးရမည်ဖြစ်ပါကြောင်းနှင့် တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားပါက ထိုသူကို နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်းတို့ကို ပြောကြားပြီး ဟောပြောပွဲကို (၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
DOCA(ရန်ကုန်)