Main menu

ဧရာဝတီတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးဦးစီးမှူးက ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် များအား ထပ်ဆင့်ရှင်းလင်းခြင်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်းရှိ အရာထမ်း ၊ အမှုထမ်း ဝန်ထမ်း (၁၂၂) ဦးအား ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားအား (၂၈.၁၂.၂၀၂၂) နေ့ ၊ နေ့လည် (၁၂:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          ထပ်ဆင့်ရှင်းလင်းပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မှ (၁.၂.၂၀၂၃) မှစတင်၍ အစိုးရအသစ်ဖွဲ့စည်းပြီးဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲခြင်းမရှိပဲ ယခင်လုပ်ဆောင်ချက်များအတိုင်း အရာထမ်း / အမှုထမ်းများအားလုံး လုပ်ဆောင်သွားရန်ဖြစ်ပါကြောင်း၊ မိမိတို့တစ်နှစ်ပတ်လုံး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အပတ်စဉ် / လစဉ် / လေးလပတ်တစ်ကြိမ် ပြန်လည်သုံးသပ်၍ အားနည်းချက်များကို ရှာဖွေဖေါ်ထုတ်ပြီး ပြောင်းလဲအောင်မြင်အောင်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ၊ ပြောင်းလဲရာတွင်လည်း ဝေဖန်မှုများရှိပါက ပြင်ဆင်စရာများကို ရဲရဲဝံ့ဝံ့ပြင်ဆင်ရန်လိုအပ်ပြီး ရဲရဲဝံ့ဝံ့ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဝန်ကြီးဌာန ၏ ကောင်းကျိုးကိုရှေးရှု၍ စေတနာဖြင့် ဆောင်ရွက်လျက်ရှိရာ စေတနာ ကောင်းခြင်းသည် သဘောကောင်းခြင်း ၊ သက်ညှာခြင်း ၊ အုပ်ချုပ်မှုလျော့ရဲခြင်းမဟုတ် ကြောင်း ၊ ဝန်ထမ်းများ၏ လူမှုရေးကို ကြည့်သင့်သည်မှန်သော်လည်း အလုပ်တာဝန်နှင့်ပတ်သက်၍ လျော့ရဲမှုများရှိပါက တိတိကျကျ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၊ ဝန်ထမ်းများအားလုံး မိမိတို့ ၏  Mindset များကို ပြုပြင်ရန်လိုအပ်ပြီး အထက်အောက်ရိုသေချစ်ခင်စွာဆက်ဆံရမည်ဖြစ်ပါကြောင်း၊  ဝန်ကြီးဌာန၏ဆောင်ပုဒ်ကဲ့သို့ “ ဘယ်တော့လုပ်မလဲ”  ၊ “ အခုလုပ်မယ်” ဆိုသည့် စာသားအား နှလုံးသားထဲစွဲဝင်၍ လုပ်ငန်းများအောင်မြင်တိုးတက်အောင်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း ၊ မိမိဌာနရှိ မှတ်တမ်း ၊ ရုံးစာ အဝင် /  အထွက် ၊ စာကြည့်တိုက်များအား ရုံးချုပ်၏  ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၊ ထွက်ရှိ လာမည့်ဆန်စပါး ဥပဒေများကို လိုက်နာကျင့်သုံး၍ ပြည်သူများ၏လိုအပ်ချက် ၊ နိုင်ငံတော်၏ လိုအပ်ချက်များကို ဖြည့်ဆည်း၍ ဌာနအကျိုး ၊ ဝန်ကြီးဌာနအကျိုးများကို ကြိုးစားဆောင်ရွက်သွားရန် မှာကြားပြီးနောက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များအားထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင်ပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)