Main menu

မြေပဲဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ လွိုင်ကော်ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများသည် ဈေးကွက်အတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ထေးသမရပ်ကွက်ရှိ ထေးသမမြေပဲဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်အားတွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် လွိုင်ကော်ခရိုင်ဦးစီးမှူးက စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်မဖြစ်မနေဖော်ပြရန်လိုအပ်ပါကြောင်း၊ အသားတင်ပမာဏနှင့်အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ ကျပ်သားတို့ဖြင့်သာ တိကျစွာဖော်ပြရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်ထားသော ကုန်စည်များကို စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနတွင် တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန် များလည်းရှိပါကြောင်း၊စားသုံးဆီနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်(၁/၂၀၂၁)အား ရှင်းလင်းဆွေးနွေးခဲ့ပြီးအဆိုပါညွှန်ကြားချက်များအားလိုက်နာ ဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရပြစ်မှုပြစ်ဒဏ်များဖြင့် အရေးယူခံရနိုင်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့မှုအား သတင်းရရှိပါသည်။

DOCA(ကယား)