ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ လေ့လာသိရှိရသော စာရင်းများအရနေကြာသီးသန့်စိုက်ဧက (၅၄၃၂) ဧကနှင့် သီးညှပ်စိုက်ဧက (၁၄၉၉၀)ဧက၊ စုစုပေါင်း စိုက်ဧက (၂၀၄၁၃) ဧကရှိပါသည်။ နေကြာစိုက်တောင်သူများအနေဖြင့် အစုအဖွဲဖြင့် ဆောင်ရွက်နိုင်ရေးအတွက် စည်းရုံး ဆောင်ရွက်လျက်ရှိပါသည်။
တောင်ငူခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်ရှိရာ နေကြာအစုအဖွဲ့များကို စတင်ဖွဲ့စည်း ဆောင်ရွက်လျှက်ရှိရာ ယခုလအတွင်း ရေတာရှည်မြို့နယ်တွင် ဆင်ဂွေနေကြာအစုအဖွဲ့၊ တောင်ငူမြို့နယ်တွင် ကရင်ချောင်းနေကြာအစုအဖွဲ့၊ အုတ်တွင်းမြို့နယ်တွင်ဆွဲလဲချောင်းနေကြာအစုအဖွဲ့နှင့် ပိတောက်ခင်နေကြာအစုအဖွဲ့၊ ဖြူးမြို့နယ်တွင်လင်းယောခင်နေကြာအစုအဖွဲ့၊ တံခွန်တိုင်နေကြာ အစုအဖွဲ့နှင့်လိပ်သေနေကြာအစုအဖွဲ့များ ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။
စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းစားသုံးဆီဖူလုံစေရေး၊ နေကြာစိုက်ဧကများတိုးချဲ့နိုင်ရေးနှင့်ဈေးကွက်ပိုမိုရရှိစေရေး အတွက်ရည်ရွယ်၍ တောင်ငူခရိုင်အနေဖြင့် နေကြာအစုအဖွဲ့များဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်ခြင်းဖြစ်ပါသည်။
ကျေးရွာများအလိုက် နေကြာစိုက်တောင်သူများကို စည်းရုံး၍နေကြာအစုအဖွဲ့များ ဖွဲ့စည်းပေးပြီးအစုအဖွဲ့များစုပေါင်း၍ မြို့နယ်နေကြာအသင်းအဖွဲ့၊ ခရိုင်နေကြာအသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)