Main menu

မကွေး- ရေညှိထမင်းလိပ် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေး

Powered by Drupal

         စားသုံးသူ‌ရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်းကြား‌ရေးမှူး) သည် (၁.၃.၂၀၂၃)ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် မကွေးမြို့၊ ရန်အောင်ရပ်ကွက်(၁၀)လမ်းမှ မကွေး-ရေညှိထမင်းလိပ်လုပ်ငန်းရှင် ဦးအောင်အောင်ဦးအား မကွေးခရိုင်ဦးစီးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများနှင့်စီးပွားရေးလုပ်ငန်းရှင်တာဝန်များ တားမြစ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          လုပ်ငန်းရှင်အားမေးမြန်းမှုအရ မကွေး-ရေညှိထမင်းလိပ်တစ်ဘူးလျှင် အရေအတွက်(၁၀)ခုပါဝင် ပြီး တစ်ဘူးလျှင်(၁၅၀၀)ကျပ်ဖြင့် မကွေးမြို့၊ ကန်သာကန်တွင် ဆိုင်ဖွင့်လှစ်ရောင်းချပြီး အခမ်းအနားများ၊ သင်တန်းများအတွက် အော်ဒါမှာယူပါက ပို့ခအခမဲ့ဖြင့် ပို့ဆောင်ပေးကြောင်းနှင့်စားသောက်ဆိုင်များ၌ ဆိုင်တင်ရောင်းချပါကြောင်း တစ်နေ့တာကုန်မည့် ပမာဏသာထုတ်လုပ်ကြောင်း၊ သက်တမ်းအားဖြင့် တစ်ရက်သာသတ်မှတ်ကြောင်းနှင့်ရေညှိထမင်းလိပ်တွင် ရှမ်းဆန်၊ ခါကြက်ဥ၊ ဆလပ်ရွက်၊ ဟော့ဒေါ့၊ ရေညှိ၊ ဆော့၊ နှမ်းနက်တို့ပါဝင်ကြောင်း အသင့်စားသုံးနိုင်ကြောင်း လေ့လာသိရှိရပါသည်။

          မကွေးခရိုင်ဦးစီးမှူးမှ စားသုံးသူပြည်သူများ လုံခြုံစိတ်ချစွာ စားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ အရန်သင့်အစားအစာအမျိုးမျိုးတွင် မြန်မာစာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့်ဓါတ်မတည့်ကြောင်းဖော်ပြချက်များ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)