Main menu

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ငွေကျားဆီစက်တွင် နေကြာဆီကြိတ်ခွဲနေမှုအား ကြည့်ရှုအားပေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ဦးတင်မောင်ဝင်းသည် စီးပွားရေးရာဝန်ကြီး၊ စားသုံးသူရေးရာဦးစီးဌာနတိုင်းဦးစီးမှူး ၊ စိုက်ပျိုးရေးတိုင်းဦးစီးမှူးတို့နှင့်အတူ (၈-၃-၂၀၂၃)ရက်နေ့ ၊ညနေ (၁၇:၀၀)နာရီအချိန်တွင် ပုသိမ်မြို့ ၊ ငွေကျားဆီစက်သို့ သွားရောက်၍ နေကြာဆီထုတ်လုပ်နေမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ပါသည်။

   အဆိုပါငွေကျားဆီစက်ပိုင်ရှင်သည် ရေဆင်း (၁)နေကြာမျိုးနှင့် နေကြာဧက (၃၀)အား သာပေါင်းမြို့နယ် ၊ ကညင်ပင်ကျေးရွာတွင် တောင်သူများနှင့် အကျိုးတူစိုက်ပျိုးခဲ့ပြီး (၁)ဧက (၁၅)တင်းခန့်ထွက်ရှိ၍ နေကြာတင်း (၄၅၀)ခန့်ရရှိပါကြောင်း ၊ တောင်သူများမှာ (၁)ဧက ကုန်ကျစရိတ် ထွန်ယက်ခ ၇၀၀၀၀/-ကျပ် ၊ မျိုးစေ့ထုတ် ၂၅၀၀၀/- ကျပ် ၊ စိုက်ပျိုးရိတ်သိမ်းနှင့်အထွေထွေ ကုန်ကျစရိတ် ၁၀၀၀၀၀/- ကျပ် ၊ စုစုပေါင်း (၁၉၅၀၀၀/-)ကျပ် ကုန်ကျခဲ့ကြောင်း ၊ နေကြာ(၁)တင်းလျှင် ဈေးနှုန်းမှာ ၃၅၀၀၀/-ကျပ်ဖြစ်သဖြင့် (၁)ဧက ၅၂၅၀၀၀/- ကျပ်ခန့် ရရှိကာ (၁)ဧက ၃၃၀၀၀၀/-ကျပ် ခန့် အကျိုးအမြတ်ရရှိခဲ့ပါကြောင်း ၊ ၎င်းရေဆင်း (၁) မျိုးသည် (၁)ဧက တင်း (၄၀)ခန့်ထွက်ရှိနိုင်သော်လည်း ယခုနှစ်မှစတင်စိုက်ပျိုးခြင်း၊ သွင်းအားစုများလည်း ထည့်သွင်းနိုင်ခြင်းမရှိ၍ အထွက်နည်းခဲ့ပါကြောင်း သိရှိရပါသည်။

     နေကြာစေ့ (၁)တင်းလျှင် ဆီကြိတ်ခွဲပါက ဆီ (၃)ပိဿာခန့်တွင် နေကြာဆီဖတ် (၂၀)ပိဿာ ခန့် ပြန်လည်ရရှိကြောင်း ၊ နေကြာဆီ (၁)ပိဿာလျှင် ၁၂၀၀၀/- ကျပ်ဖြင့် ပုသိမ်မြို့တွင်းနှင့် ကုန်တိုက် ၊ Super Market များ၊ နယ်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး နေကြာဖတ်အား (၁)ပိဿာလျှင် ၁၈၀၀/-ကျပ်ဖြင့် အိမ်မဲ၊ ပန်းတနော် ၊ မအူပင် ငါးကန်များသို့ တင်ပို့ရောင်းချခဲ့ကြောင်း၊ သို့ဖြစ်၍ နေကြာ(၁)တင်းကြိတ်ခွဲပါက ဆီ (၃)ပိဿာ ၃၆၀၀၀/-ကျပ် ၊ နေကြာဆီဖတ် (၂၀)ပိဿာ ၃၆၀၀၀/-ကျပ်ခန့်ရရှိပြီး ၊ စက်ခ ၊ အလုပ်သမားခနုတ်ပါက နေကြာ (၁)တင်းကြိတ်ခွဲလျှင် ၁၈၀၀၀/-ကျပ်ခန့် အကျိုးအမြတ်ရရှိပါကြောင်း ၊ ထို့ပြင်နေကြာဆီမှာ စားသုံးသူများနှင့် ကျန်းမာရေးအရလည်း ညီညွတ်မှုရှိပါကြောင်း ၊ ငွေကျားဆီစက်ပိုင်ရှင် ဦးရဲထွဋ်အောင်က ရှင်းလင်းပြောကြားခဲ့ပါသည်။

    ဝန်ကြီးချုပ်မှ ဧရာဝတီတိုင်းအတွင်း ဆီဖူလုံမှုရှိစေရန်အတွက် ယခုနှစ်တွင် နေကြာစိုက်ပျိုးခြင်းအား ဆောင်ရွက်ခြင်းဖြစ်ရာ ထွက်ရှိလာသောဆီများအား အလေအလွင့်နည်းပါးအောင် ကြိတ်ခွဲသွားရန်နှင့် တိုင်း‌ဒေသကြီးအတွင်း ကျယ်ပြန့်စွာရောင်းချပေးရန် မှာကြားခဲ့ပြီးနောက် ညနေ (၁၈:၃၀)နာရီတွင် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)