Main menu

ညောင်တုန်းမြို့နယ် OKမုန့်ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  (၈.၃.၂၀၂၃)ရက်နေ့၊  (၀၉:၃၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ OK မုန့်မျိုးစုံဆိုင် သို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် ကုန်အညွှန်းအမှတ်အသားပြည်စုံခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပြုလုပ်ခဲ့ကြပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ် OK မုန့်ဆိုင်မှ ရောင်းချနေသောမုန့်များကို စားသုံးသူပြည်သူများ ဘေးန္တရာယ်ကင်းရှင်းစွာ စားသုံးစေရန်အတွက် မုန့်များတွင် ကုန်စည် အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှန်ကန်စွာဖော်ပြပါဝင်ခြင်း ရှိ/မရှိကို စစ်ဆေးခဲ့ပြီးနောက် ရောင်းချနေသောမုန့်များတွင် သက်တမ်းလွန်နေပါက ရောင်းချခြင်းမပြုလုပ်ရန်၊ လုပ်ငန်းရှင်အား ကုန်စည်များတွင် မမြင်နိုင်သော သဘာဝပြောင်းလဲမှုနှင့် စပ်လျဉ်း သည့်အချက်အလက်များကို စားသုံးသူအား ထင်ရှားစွာဖော်ပြ၍ အသိပေးရန်၊ နမူနာပစ္စည်းတွင် ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိရန်၊ စီးပွားရေးလုပ်ငန်းရှင်ဘက်မှ ချို့ယွင်းချက်ကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် စားသုံးသူကို ယင်းကုန်စည် တန်ဖိုးနှင့်ညီမျှသော ကုန်စည်ကို အစားထိုးလဲလှယ်ပေးရန် တောင်းဆိုခွင့်ရှိသဖြင့် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်အလက်နှင့်ပတ်သက်၍ ဖော်ပြပါရှိသောကုန်စည်ကိုသာရောင်းချကြရန်၊ ထောက်ခံချက်၊ ခွင့်ပြုချက်များပါရှိသော ကုန်စည်ကိုသာ ရောင်းချကြရန်တို့အား အသိပေးဆွေးနွေးကာ လိုက်နာဆောင်ရွက်ခြင်းမရှိပါက စစ်ဆေးတွေ့ရှိချက်အရ ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)