(၈.၃.၂၀၂၃)ရက်နေ့၊ (၁၀:၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ မြို့မဈေးသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးအတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပြုလုပ်ခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ်၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးပိုးဖြူပိုင်မင်းနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ပန်းတနော်မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းများ၊ မုန့်မျိုးစုံတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုအရ ပန်းတနော်မြို့မဈေးအတွင်းရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်များကိုသာ ရောင်းချနေကြောင်း တွေ့ရှိရ၍ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်ကုန်စည်များ တင်သွင်း၊ ဖြန်ဖြူးရောင်းချခြင်းမျိုးမပြုလုပ်ကြရန်၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံမှုအပေါ် စားသုံးသူက တောင်ဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသောကုန်စည်ကိုသာ ရောင်းချကြရန်တို့အား အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် လိုက်နာဆောင်ရွက်မှုမရှိလျှင် စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)