Main menu

မိုးညှင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်သို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးဦးကျော်မိုးလွင်သည် ၁၃.၃.၂၀၂၃ ရက်နေ့တွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ မာတာမြင့်မိုရ် လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခဲ့ပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Yum Yum (ပုဇွန်ချဉ်စပ်အရသာ) အမှတ်တံဆိပ်ပါ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း စသည့်ဖော်ပြချက်များ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု မရှိသည့်ကုန်စည်များကို ဈေးကွက်အတွင်း ရောင်းချမှုမပြုရန် ပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)