Languages

Main menu

ညွှန်ကြားရေးမှူးချုပ်၏ ကိုယ်ရေးအကျဉ်း

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ကို ၁၉၆၃  ခုနှစ်တွင် သရက်မြို့၌ မွေးဖွားခဲ့ပါသည်။ ၁၉၈၀ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ ရေနံချောင်းတက္ကသိုလ်တွင် ဘူမိဗေဒ(ပထမနှစ်)ကို တက်ရောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မြစ်ကြီးနားတက္ကသိုလ်မှ သိပ္ပံဘွဲ့(သင်္ချာ)ကိုလည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ)ကိုလည်းကောင်း ရရှိခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် အလုပ်သင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁)သို့ တက်ရောက်ခဲ့ပြီး ၁၉၈၃ ခုနှစ်မှ ၁၉၈၄ ခုနှစ်ထိ ချင်းသနက-၃ တွင် အလုပ်သင် ဗိုလ် ရာထူးဖြင့် လည်းကောင်း၊ ၁၉၈၄ ခုနှစ်မှ ၁၉၈၅ ခုနှစ်ထိ ခမရ-၁၀၉ တွင် ဒုဗိုလ် ရာထူးဖြင့် လည်းကောင်း၊ ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ခမရ-၁၀၉ တွင် ဗိုလ် ရာထူးဖြင့် လည်းကောင်း၊ ၁၉၈၈ ခုနှစ်မှ ၁၉၉၅ ခုနှစ်ထိ ခမရ-၁၀၉ နှင့် ခလရ-၉၂ တွင် ဗိုလ်ကြီး ရာထူးဖြင့် လည်းကောင်း၊ ၁၉၉၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်ထိ ခလရ-၆၇ တွင် ဗိုလ်မှူး ရာထူးဖြင့် လည်းကောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ခုနှစ်ထိ ခလရ-၂၆၀ တွင် ဗိုလ်မှူးရာထူးဖြင့် လည်း ကောင်း၊ ၂၀၀၀ ခုနှစ်မှ ၂၀၀၅ ခုနှစ်ထိ ခလရ-၂၃၈ တွင် ဒုဗိုလ်မှူးကြီး ရာထူးဖြင့် လည်း ကောင်း၊ ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ စကခ-၃ တွင် ဒုဗိုလ်မှူးကြီး ရာထူးဖြင့် လည်းကောင်း၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ နမခတွင် ဗိုလ်မှူးကြီး ရာထူးဖြင့် လည်းကောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ တကက-၈ တွင် ဗိုလ်မှူးကြီး ရာထူးဖြင့် လည်းကောင်း အဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့ပါသည်။

             ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ ရဲမှူးကြီး ရာထူး ဖြင့် လွှဲပြောင်းတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ထိ နရခတွင် လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ရစက(၈)တွင် လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့အထိ နေပြည်တော်ရဲတပ်ဖွဲ့မှူး တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ထို့အပြင် ရဲမှူးချုပ် ရာထူးဖြင့် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့အထိ နေပြည်တော်၌ ရကဖ(၁)မှူး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့အထိ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး တာဝန်ထမ်းဆောင်၍  ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲလေ့ကျင့်ရေး အရာရှိချုပ်၊ ရဲရာထူးခန့်ချုပ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ‌အောက်တိုဘာလ ၅ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ နရခတွင် ရဲဗိုလ်ချုပ် ရာထူးဖြင့် ဒုတိယရဲချုပ်(၁) တာဝန်များ ထမ်းဆောင်ခဲ့ပါသည်။

           ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့ရောက်ရှိလာပြီး ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။