စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား လှုပ်ရှားမှုများအဖြစ် မတ်လ(၁၃)ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်မှစ၍ နောင်ယား(က) ရပ်ကွက်၊ လေယာဉ်ကွင်းမျက်နှာစာရှေ့ လမ်းလက်ယာဘက်ခြမ်းတွင် (၁၇ပေ ၇ပေ) ဗီနိုင်း ဆိုင်းဘုတ် စိုက်ထူခြင်း၊ (၂ပေ ၁ပေခွဲ )ဗီနိုင်းများအား သီရိမင်္ဂလာဈေးတွင် ကပ်နှံခြင်း၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် စက်သုံးဆီ အရောင်းဆိုင်များတွင် ဗီနိုင်းများ ကပ်နှံခြင်း ၊ We Love Kayah page နှင့် ကယားစားသုံးသူ Facebook Page တို့တွင် page တင်ခြင်းစသည့် လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပါသည်။
မတ်လ (၁၄)ရက်နေ့ ၊ နံနက်(၀၉:၀၀)နာရီ အချိန်တွင် လွိုင်ကော်မြို့ ၊ သီရိမင်္ဂလာဈေး မြောက်ဘက် ၊ ကမ္ဘောဇဘဏ်(၂)ရှေ့ မီးပွိုင့်လမ်းဆုံတွင် မော်တော်ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များ၊ မော်တော်ယာဉ်များအား ကမ်ပိန်းစတစ်ကာများ ကပ်နှံခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းအား သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ ပါသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိ ဖြေဆိုရန်အတွက် အလွှာပေါင်းစုံမှ စားသုံးသူ မိဘပြည်သူများအား အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပြီး ပြည်နယ်စားသုံးသူရေးရာ ကော်မတီအဖွဲ့ဝင်(၃)ဦးမှ ဒိုင်အဖြစ်ဆောင်ရွက်၍ ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်း အစီအစဉ်အား ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်းနှင့် အလွှာပေါင်းစုံမှ လာရောက်ဖြေဆိုသူ(၃၂)ဦးရှိပါကြောင်း၊ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူ(၃)ဦးအား မတ်လ(၁၅)ရက်နေ့တွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)