စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ (၉.၃.၂၀၂၃)ရက်နေ့ ၊နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညောင်ဦးခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်နှင့်ဝန်ထမ်းများ၊ ညောင်ဦးခရိုင် ကျန်မာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ညောင်ဦး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ ဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဆေးဆိုင်များ၌ အစားအသောက်နှင့်ဆေးဝါးကွပ် ကဲရေးဦးစီးဌာန(FDA) အသိအမှတ်ပြု DRC No.မပါရှိသည့် Parbisure အမည်ဖြင့်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ၊ မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချ နေခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား စားသုံးသူကာ ကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအား သိရှိနားလည်စေရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)