Main menu

ဘားအံမြို့ရှိ စူပါတော့ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

ဘားအံ မတ်လ ၁၄

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးဦးသန်းဦး၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်၊ ဌာနခွဲတာဝန်ခံများသည် ၁၄-၃-၂၀၂၃ ရက်နေ့ ၁၃၀၀ နာရီအချိန်တွင် ဘားအံမြို့အမှတ် ၄ ရပ်ကွက် ၊ ကမ်နားလမ်းရှိ စူပါတော့ ပေါင်မုန့်၊ ကိတ်မုန့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စားသုံးသူကာကွယ်ရေး ဥပဒေအရ ကုန်အညွှန်းမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာလို ဖော်ပြရမည့် အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဆောင်ရွက်ရမည့်အချက်များနှင့် စာသုံးသူများဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဆောင်ရန်ရှောင်ရန်အချက်များကို ဆွေးနွေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်စေရေးအတွက် အသိပညာပေး ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

DOCA(KAYIN)