Main menu

နွားထိုးကြီးမြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ပေါ်ရှိ ဆေးဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ (၁၃.၃.၂၀၂၃)ရက်နေ့၊ နံနက်(၉:၃၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ နွားထိုးကြီးမြို့နယ်တာဝန်ခံ ဦးသန်းအေးသည် မြို့နယ်ကျန်မာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ နွားထိုးကြီးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဂျာမဏီနိုင်ငံထုတ် Pabrinex  IV/HV Injection အကြောအားဆေးမှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်နှင့်အညီ တရားဝင်တင်သွင်းရောင်းချသော ဆေးဝါးတစ်မျိုးဖြစ်ပြီး၊ ယခုအခါ  ဈေးကွက်အတွင်းတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန(FDA)၏ အသိအမှတ်ပြု DRC No. မပါရှိသည့် Parbisure အမည်နှင့် ဆေးဝါးရောင်းချမှုများရှိနေသဖြင့် ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်၍ FDA ထောက်ခံချက်မပါသော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမပြုကြရန် အသိပညာပေးရှင်လင်းခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(မန္တလေး)