သားငါးဈေးနှုန်းများကြီးမြင့်လာသည်နှင့်အမျှ ကြက်ဥဈေးမှာလည်း ရေမြင့်လေလေ ကြာမြင့်လေလေ ဆိုသကဲ့သို့ ဈေးမြင့်တက်လာခဲ့ပါသည်။ အခြေခံလူတန်းစားများအတွက် ကြက်ဥသည် မပါမဖြစ် ဟင်းလျာတစ်ခုလို့ပင်ဖြစ်ပါကြောင်း၊ ကြက်ဥမှာလည်း သူအတန်းအစားနှင့် သူရှိကြောင်း၊ မေးမြန်းကြည့်ရာတွင် တစ်နေ့လုပ်တစ်နေ့စားအဖို့ ကြက်ဥရေလုံပြုတ်ဖြစ်ပြီ၊ လူလတ်တန်းစားအဖို့ ကြက်ဥကို ပုံစံအမျိုးမျိုးဖြင့် ကြက်ဥမွှေကြော် ၊ ကြက်ဥဟက်ပဒိုက် ၊ ကြက်ဥကြော်ချက် ၊ ကြက်ဥမွှေချက် ၊ ကြက်ဥပေါင်းချက် တချို့က ခွန်အားပြည့်ရန် စပါကလင်ကို ကြက်ဥနှင့် ရောမွှေကာသောက်ကြကြောင်း သိရှိရပါသည်။ မေးမြန်းသူ၏အဖြေကြောင့် ကျွန်တော်တောင် နေပြည်တော်တွင် တာဝန်ထမ်းဆောင်စဉ်က အတူနေဖော် သူငယ်ချင်း ချက်ကြွေးတဲ့ ကြက်ဥမွှေချက်၊ ချဉ်ပေါင်ရွက်အချဉ်ရေနဲ့ငရုပ်သီးမြေပဲဆံထောင်း စားခဲ့ရတာကို မြင်ယောင်မိခဲ့ပါသည်။ဆက်လက်၍ ကြက်ဥတစ်လုံး၏ဈေးနှုန်းကိုမေးရာ ယခင်က တစ်လုံး ၁၀၀/- ၊ ၁၅၀/- ကျပ်၊ယခု တစ်လုံးလျှင် ၂၅၀/- ကျပ်ဆိုရင် သင့်တင့်ရုံသာရကြောင်း၊ ကျွန်တော်တို့အတွက်တော့ အဓိကဟင်းလျာပင်ဖြစ်ကြောင်း၊ အလုပ်က ပန်းရံနောက်လိုက်ဆိုတော့ ၈၀၀၀/-ကျပ်ရကြောင်း၊ အမျိုးသမီးက ကိုယ်ဝန်သည်ဖြစ်ကြောင်း၊ အလုပ်မှာလည်း ပုံမှန်မရှိကြောင်း သိရှိရပါသည်။ထို့နောက် ကျွန်တော် အသိမိတ်ဆွေတစ်ဦး၏ ကြက်ဥလက်လီ/လက်ကား အရောင်းဆိုင်ကို ရောက်ရာ ကြက်ဥဈေးမှာ တစ်ပိဿာကို ၅၈၀၀/- ကျပ် ရှိနေကြောင်း၊ ဈေးအတက်အကျမှာ လက်ရှိဈေးနဲ့ဈေးငြိမ်နေသည်မှာ တစ်လကြာပြီဖြစ်ကြောင်း၊ ကြက်ဥက တစ်ပိဿာတွင် ပုံမှန်အသင့်အတင့်ဥဖြစ်ပါက ၂၅ လုံး၊ ဥသေးလျှင် ၃၀ / ၃၁ လုံးရကြောင်း၊ ရောင်းသူ၏ တန်ဖိုးအပေါ်မူတည်ပြီး အလုံးအရွယ်အစားက ကွာဟ၍ တစ်လုံးလျှင် ၂၀၀/-၊ ၂၅၀/- ကျပ် ရောင်းကြကြောင်း၊ ရောင်းအားအနေဖြင့် ဈေးနှုန်းကြီးမြင့်လာ၍ ကြက်ဥရောင်းအားမှာ မဆိုးပါကြောင်း၊ တစ်ပတ်ကို ကဒ် ၂၀၀၊ အလုံး ၆၀၀၀၀ ခန့် ရောင်းရကြောင်း၊ ကြက်ဥစားသုံးမှုများလာကြောင်း၊ အစစအရာရာ ဈေးတန်တာကတစ်ကြောင်း ၊ဟင်းဖြစ်မြန်ပြီး မိသားစုနည်းနည်းများများ တွက်ခြေကိုက်ကြောင်း သိရှိရပါသည်။ထို့နောက် ကျွန်တော်လဲ ပန်းရံသမားလေးပြောသည့်စကားကို နားထဲကြားယောင်လာမိ၍ ဟုတ်တာပေါ့ဆိုပြီး အတွေးဝင်ကာ မြို့ပေါ်မှာ လက်ကားအရောင်းဆိုင်မျိုး ဘယ်နှစ်ဆိုင် လောက်ရှိလဲဟုမေးရာ ၇ ဆိုင် လောက်တော့ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပြင်ဦးလွင်ဈေးကွက်က ဝယ်ရကြောင်း၊ ကြက်ဥဈေးမြှင့်တက်နိုင်ချေနှင့် စပ်လျဉ်း၍ ရှေ့နွေရောက်လို့ ဥ,ဥနှုန်းတွေကျလာရင် ဈေးမြင့်လာနိုင်ကြောင်း ကြားသိခဲ့ရပါသည်။ ကြက်ဥကို နည်းလမ်းမှန်ကန်စွာ စားသုံးပါက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါကြောင်း၊ ကြက်ဥသည် ပရိုတင်းအစားအစာဖြစ်ပြီး ဦးနှောက်၊နှလုံးနဲ့ ခုခံအားစနစ်အတွက် အလွန်အကျိုးရှိသည့် အာဟာရဓာတ်ဖြစ်ပါကြောင်း ၊ ကြက်ဥအကာမှာ စွမ်းအင်ထုတ်လုပ်ဖို့နှင့် ခန္ဓာကိုယ်မှအဆိပ်တွေကို ဖယ်ရှားဖို့အရေးပါသော ဆီလီနီယမ်နဲ့ ရိုက်ဗို ဖလေဗင်(ဘီ)တွေများစွာပါဝင်ပါကြောင်း၊ကြက်ဥအနှစ်မှာ ဗီတာမင် A ၊ ဗီတာမင် E ၊ ဗီတာမင် D ၊ ဗီတာမင် K ၊ ဗီတာမင် B 12၊Folic acid၊Pantothenic acid များစွာပါဝင်သည့်အပြင် သတ္ထုဓာတ်များဖြစ်သော ကယ်လ်ဆီယမ်၊သံဓာတ်၊ဖော့စဖရပ်စ်၊ဆီလီယမ်နဲ့သွပ်ဓာတ် များစွာပါဝင်ပါကြောင်း၊ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ်ကို ကူညီပေးပြီး သွေးနီဥတွေကို ထုတ်လုပ်ပေးပါကြောင်း၊ ကြက်ဥအနှစ်မှာ ပါဝင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်သည့် လူတင်နဲ့ဇီယာဇမ်သင်းဟာ ဗီတာမင် E နှင့် ပေါင်းစပ်ပြီး မျက်လုံးနှင့် အရေပြားအတွက် များစွာ အကျိုးကျေးဇူးရှိပါကြောင်း၊ ကြက်ဥကို သွေးတိုးရှိသူများ၊သက်ကြီးရွယ်အိုများနှင့်ကိုလက်စ်ထရောလ် မြင့်မားသူများအနေဖြင့် ကြက်ဥစားရာတွင် သတိထားသင့်ပြီး တစ်ပတ်လျှင် ၃ / ၄ လုံးခန့်သာ စားရန် သင့်တော်ပြီး ဖြစ်နိုင်ပါက ကြက်ဥအကာကိုသာလျှင်စားသုံးသင့်ပါကြောင်းနှင့် ကြက်ဥကို ဆီဖြင့်ကြော်စားခြင်းသည် ကိုလက်စ်ထရောလ်ကို ပိုများစေနိုင်သည့်အတွက် အထူးပင်ရှောင်ကြဉ်သင့်ပါကြောင်းစသည်ဖြင့် စာဖတ်သူတို့ကော ကြက်ဥကို ဘယ်လိုတွေ လုပ်စား/ချက်စားကြပြီးပြီလဲ ဈေးကလဲတန် ဟင်းဖြစ်လဲမြန်ဆိုသော်ငြားလည်း ကောင်းကျိုး/ဆိုးကျိုးများ ရှိသည်ဆိုတာကို သတိနဲ့အသိ ယှဉ်တွဲစားသုံးနိုင်ကြပါရန် ကြက်ဥစားသုံးခြင်းများ မြင့်တက်လာလေသလားဆိုသော ခေါင်းစဉ်အောက်မှ စုစည်းရေးသားဖော်ပြလိုက်ရပါသည်။
DOCA(မန္တလေး)