စားသုံးဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး ၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများက သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် လက်ကားကုန်သည်များကို ဖြန့်ဖြူးရောင်းချပေးစေခဲ့ရာ အဆိုပါစားအုန်းဆီများကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်ကြီးများအသင်းမှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဝယ်ယူ၍ မြို့နယ်အတွင်းနေ စားသုံးသူပြည်သူများအတွက် ဈေးနှုန်း သက်သာစွာဝယ်ယူနိုင်ရေးအလို့ငှာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ Mobile စနစ်ဖြင့် လှည့်လည်၍ ရောင်းချပေးလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ မတ်လ (၉)ရက်နေ့၌ အောင်မင်္ဂလာရပ်ကွက်၊ စံပြရပ်ကွက်၊ လွတ်လပ်ရေးရပ်ကွက်၊ တံခါးကြီးကျေးရွာနှင့် ရွာတန်းရှည်ကျေးရွာတို့တွင် နေရာ(၅)နေရာခွဲ၍ Mobile စနစ်ဖြင့်လှည်လည်ရောင်းချခဲ့ကြောင်းနှင့် ထိုသို့ရောင်းချရာတွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့် အောင်မင်္ဂလာရပ်ကွက်တွင် ဆီပိဿာ(၃၃၀)ပိဿာ၊ စံပြရပ်ကွက်တွင်(၂၂၀)ပိဿာ၊ လွတ်လပ်ရေးရပ်ကွက်တွင်(၃၃၀)ပိဿာ၊ တံခါးကြီးကျေးရွာတွင် (၃၃၀)ပိဿာနှင့်ရွာတန်းရှည်ကျေးရွာတွင်(၃၃၀)ပိဿာရောင်းချခဲ့ကြောင်း၊ စုစုပေါင်းဆီပိဿာချိန်(၁၅၄၀)ပိဿာရောင်းချပေးခဲ့ပါကြောင်း၊ အဆိုပါရောင်းချမှု အား စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများက ကွင်း ဆင်းကြီးကြပ်၍ လိုအပ်သည်များကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ပင် ကျန်ရှိနေသေးသောရပ်ကွက်၊ ကျေးရွာများသို့ Mobile စနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်း ဥက္ကဌထံမှ သိရှိရပါသည်။
DOCA(မန္တလေး)