ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံသည် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂.၃.၂၀၂၃)ရက်နေ့၊နံနက် (၁၁:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာရှိ မိဘမေတ္တာ စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စက်သုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထားသောဈေးနှုန်းဖြင့် ရောင်းချခြင်းရှိစေရန်၊ အချိန်အတွယ်မှန်ကန်မှုရှိစေရန်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)