Main menu

ဒေးဒရဲမြို့ စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်ဦးဆောင်၍ မီးသတ်ဦးစီးဌာန၊ စည်ပင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည်     ( ၁၃.၃.၂၀၂၃ )ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီတွင် ဒေးဒရဲတံတားချဉ်းကပ်လမ်းရှိ ရတနာကောင်းကင် နှင့်ငြိမ်းချမ်းဧရာ စက်သုံးဆီ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ်   မှန်ကန်ပြည့်ဝမှု ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး ခရီးသွားပြည်သူများ သွားလာမှုချောမွေ့စေရေးနှင့်      ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)