Main menu

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြရတနာရပ်ကွက် မကိုဋ်ဂျိုးဖြူ ဆန်စက်သို့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင် ဦးစီးမှူးဦးမိုးမင်းသန်းနှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၁၄.၃.၂၀၂၃)ရက်နေ့ ညနေ (၁၅:၃၀)နာရီက မြောင်းမြမြို့ မြရတနာရပ်ကွက် မကိုဋ်ဂျိုးဖြူ ဆန်စက်သို့သွားရောက်၍ ဆန်/ စပါး၊ ဈေးကွက်အခြေအနေ စီးဝင်/စီးထွက်အခြေအနေများအား ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် ဒု/ခရိုင်ဦးစီးမှူးမှ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးရည်ရွယ်ချက်ဖြင့် ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော ဆန်စပါးဈေးကွက်၊ ဈေးနှုန်းအခြေအနေ၊ စီးဝင်/စီးထွက်အခြေအနေများ မေးမြန်းစုံစမ်းခဲ့ရာ ဆန်စက်ပိုင်ရှင်မှ ယခု အခြေအနေတွင် ပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် (၁၉၂၀၀၀၀)ကျပ်ဖြင့်ဝယ်ယူပြီး ဆန်တစ်အိတ်ကို (၇၂၀၀၀)ကျပ်ရရှိ ပါကြောင်း၊ ဧည့်မထစပါး တင်း(၁၀၀)လျှင်(၁၅၅၀၀၀၀)ကျပ်ဖြင့်ဝယ်ယူပြီး ဆန်တစ်အိတ်(၅၃၀၀၀)ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိပြီး နွေစပါးပေါ်ချိန်တွင် စပါးဈေးအနည်းငယ် အတက်အကျရှိနိုင်ကြောင်း ဆွေးနွေးပြောကြားမှုအရ သိရှိရပါသည်၊၊ ထို့နောက်ဆန်စက်လည်ပတ်မှု အခြေအနေနှင့် မီးဘေးလုံခြုံရေး စနစ်တကျထားရှိမှုများ၊ ဆန်/စပါးများသိုလှောင်ထားရှိမှု စနစ် တကျရှိစေရေး၊ နွေစပါးများထွက်ရှိစပြုလာပြီဖြစ်ပြီး တောင်သူများထံမှ စပါးများဝယ်ယူရာတွင် လည်း ဈေးနှုန်း၊ အလေးတင်း၊ တောင်း၊ အချိန်အတွယ်မှန်ကန်စွာဝယ်ယူနိုင်ရေး မလိုလားအပ်သော ပြသနာများမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ကြရန်  MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် စက်ပိုင်၊ ကုန်သည်၊ တောင်သူတို့နှင့်ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးတိုက်တွန်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)