Main menu

ထားဝယ်မြို့တွင်ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကျင်းပ

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီမှဦးဆောင်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကို စားသုံးသူကဏ္ဍမြှင့်တင်ဖို့သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့ ဟူသည့်ဆောင်ပုဒ်ဖြင့် (၁၅.၃.၂၀၂၃) ခုနှစ် ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သည့်နေရာတွင် ထိရောက်သော မူဝါဒများချမှတ်နိုင်ရန် ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ချက်များကို အစိုးရအဖွဲ့သို့ အစီရင်ခံတင်ပြနိုင်ရန်အတွက် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးသည် နိုင်ငံတစ်နိုင်ငံတွင် လူမှုရေးနှင့်စီးပွားရေးဝန်းကျင် ကို စဉ်ဆက်မပြတ်တိုးတက်စေရန်အတွက် အရေးပါသော အစိတ်အပိုင်းတစ်ရပ်အဖြစ်ပါဝင်ကြောင်း၊ စားသုံးသူရေးရာကော်မတီနှင့် အစိုးရဌာနဆိုင်ရာများက စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးနဲ့ ပတ်သတ်သည့်  တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များ ဖြန့်ဝေကြရန်၊ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိရေး အာမခံချက်ပေးနိုင်မည့် ကုန်စည်၊ ဝန်ဆောင်မှုများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ဖော်ဆောင်ဖြည့်ဆည်းပေးကြရန်၊ ဥပဒေနှင့်မညီညွတ်မှုများကိုလည်း ထိရောက်စွာအရေးယူဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေအပါအဝင် သက်ဆိုင်ရာ ဥပဒေ၊အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့်လည်း စားသုံးသူ အခွင့်အရေးများကိုကာကွယ်ပေးနေသောဌာနဆိုင်ရာများ၊ အဖွဲ့အစည်းတွေ ရှိနေပြီဖြစ်သည့်အတွက်  စားသုံးသူနစ်နာမှုများကြုံလာရပါက သက်ဆိုင်ရာဌာနသို့ တိုင်ကြားခြင်းဖြင့်မျှတသော စီးပွားရေးပတ်ဝန်းကျင်ကောင်း တည်ဆောက်ရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားသည်။

          ထို့နောက် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးမှူး ဦးတင်အောင်ကျော်က စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာ‌စောင်များဖြန့်ဝေခြင်းနှင့် တက်ရောက် လာသည့်စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများအား စားသုံးသူအခွင့်အရေးများအကြောင်း ဆွေးနွေး မေးမြန်းကာ တာဝန်ရှိသူများက အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

DOCA(တနင်္သာရီ)