Main menu

မီးသတ်တပ်ဖွဲ့ရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်ခြင်း

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းနှင့်ဝန်ထမ်းများသည် (၁၇-၃-၂၀၂၃)ရက်နေ့ နေ့လည်(၁:၀၀)နာရီ မှ (၂:၃၀)နာရီထိ စစ်တွေခရိုင်၊ မီးသတ်ဦးစီးမှူးရုံး၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲအား ကျင်းပပြု လုပ်ခဲ့ပါသည်။

         ရှေးဦးစွာ စစ်တွေခရိုင်၊ မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစံထွန်းက  အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်(Motto)” ဖြစ်သော စားသုံးသူအခွင့်အရေး ဦးစားပေး” ၏ အဓိပ္ပါယ်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးများဆုံးရှုံးမှုမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအားလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊  အခန်း(၁၈) ၊ ပုဒ်မ(၄၁) ပြဌာန်းချက် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာဖော်ပြပါရှိသော  ကုန်စည်များကို ဝယ်ယူသုံးစွဲကြရန်နှင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင် သိရှိလိုသည့်သတင်းအချက်အလက်များနှင့် စီးပွားရေး လုပ်ငန်းရှင်များမှ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု ကိစ္စရပ် များအား ကြိုတင်မေးမြန်းပြီး နှစ်ဦးနှစ်ဖက် ကတိကဝတ်ပြု သဘောတူပြီးမှသာ ဝယ်ယူအသုံးပြု စေရေးနှင့် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်လာပါက မည်ကဲ့သို့ တာဝန်ယူဆောင်ရွက်ပေးနိုင်မှုများအား လေ့လာမေးမြန်းပြီး စနစ်တကျ ဝယ်ယူတတ်စေ‌ရေးအား  ချပြဆွေးနွေးခဲ့ပါသည်။ဆက်လက်၍  စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဇော်မင်းဦးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉) ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအား ချပြဆွေးနွေးခြင်း၊ စားသုံးသူအခွင့်အရေးဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီး မှူးရုံး၌ ဖွင့်လှစ်ထားရှိသည့် (CICC- Consumer Information and Complaint Center) စားသုံးသူသတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ ဖွင့်လှစ်ထားရှိခြင်း နှင့် တိုင်ကြားမှုများပြုလုပ်နိုင်ပါကြောင်း ချပြဆွေးနွေးပြီး မြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး)က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာသူများက သိလိုရှိသည်များကို မေးမြန်းရာခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းမှ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)