Main menu

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ World Cousmer Rights Day အထိမ်းအမှတ်အခမ်းအနား ကျင်းပဆောင်ရွက်

Powered by Drupal

     ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၊ အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၃ခုနှစ်၊ မတ် လ(၁၅)ရက်နေ့၊ နံနက်(၀၉;၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌အစီအစဉ်(၆)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ KCCI အသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်သောက်ရေသန့်အသင်းဥက္ကဌ၊ ပြည်နယ်ပြောင်း အသင်းဥက္ကဌ၊ ပြည်နယ်စက်သုံးဆီအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့်ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်းအစီအစဉ်တွင် ဆုရရှိသူများ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။

  ရှေးဦးစွာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့သို့ တက်ရောက်လာကြသော ဧည့်သည်တော်များအား ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အတူ Masks များ ဖြန့်ဝေခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကမ်ပိန်းစတစ်ကာများ ကပ်နှံခြင်း၊ မော်တော်ယာဉ်များအား ကားကမ်ပိန်းစတစ်ကာများ ကပ်နှံခြင်းတို့ဆောင်ရွက်ပြီး ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌကိုယ်စား မီးသတ်ဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ကာ ပြည်နယ်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးကိုယ်စား ခရိုင်ဦးစီးမှူးဦးမိုးညွန့်ဦးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်းဆွေးနွေးတင်ပြပြီးနောက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် Viedo clip များ ဖွင့်လှစ်ပြသခဲ့ပါသည်။      

   ဆက်လက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို (၁၀;၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)