Main menu

မွန်ပြည်နယ်၌ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ “ အခမ်းအနားကျင်းပ

Powered by Drupal

       မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသော “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အခမ်းအနားကို ၁၅.၃.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ စားသုံးသူပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ ၊ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေးဆိုင်ရာပညာပေး Video Clip ပြသခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ ဆက်လက်၍ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး က “ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့” အထိမ်းအမှတ် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဉာဏ်စမ်းပဟေဠိ မေးခွန်းများဖြေဆိုခဲ့ကြကာ မေးခွန်း (၃) ခုဖြေဆိုနိုင်သူများအား ဆုလက်ဆောင်များ ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)