Main menu

တောင်ငူခရိုင်အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဝန်ထမ်းများသည် (၁၆.၃.၂၀၂၃) ရက်နေ့ နေ့လယ်ပိုင်းက ဖြူးမြို့ပေါ်ရှိ ဆေးဆိုင်များသို့ သွားရောက်၍ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေမည့် တရားမဝင်ဆေးဝါးများ ရောင်းချမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    အလားတူ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေးဦးအောင်ဝင်းတို့သည် ယင်းနေ့ မွန်းလွဲပိုင်းက အုတ်တွင်းမြို့ပေါ်ရှိ ဆေးဆိုင်များသို့ သွားရောက်၍ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေမည့် တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    မြို့နယ်တာဝန်ခံများသည် တရားမဝင်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးစဉ် ဆေးဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းသည် နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်ငွေကို ဆုံးရှုံးမှုဖြစ်စေသကဲ့သို့ စားသုံးသူနစ်နာဆုံးရှုံးမှုကိုလည်း ဖြစ်ပေါ်စေသဖြင့် တရားမဝင်ဆေးဝါးများကို ရောင်းချခြင်းမပြုရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းမရှိသော ဆေးဝါးများကို ရောင်း ချခြင်းမပြုရန် အသိပညာပေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)