(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ၁၉.၃.၂၀၂၃ ရက်နေ့ (၀၈:၀၀) ချိန်တွင် မော်လမြိုင်မြို့ ၊ မောရဝတီ ပန်းခြံ၌လည်းကောင်း၊ မွန်ပြည်နယ်နေ့ အခမ်းအနားကို (၁၀:၀၀) နာရီတွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ လည်းကောင်း၊ ညစာစားပွဲကို (၁၈:၀၀) နာရီတွင် မော်လမြိုင်မြို့ ၊ မောရဝတီ ပန်းခြံ၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားများသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အဆင့်/ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ အခမ်းအနားများတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်း၊ အဖွင့်အမှာစကားပြောကြားခြင်းနှင့် တက်ရောက်လာသူများနှင့် ချစ်ခင်ရင်းနှီးစွာ ညစာစားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)