Main menu

“ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့” အထိမ်းအမှတ်ပြုလုပ်ခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၁၅-၃-၂၀၂၃  ရက်နေ့ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ်အဖြစ် ဗွီနိုင်းပိုစတာများ စိုက်ထူခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

          ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ အသိပညာပေးမှုများ ၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများပါရှိသော လက်ကမ်းစာစောင်များနှင့်ဗွီနိုင်းပိုစတာများကို ခရိုင်အတွင်းရှိ ဈေး (၁၃) ဈေးအပါအဝင် ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များ၊ မော်တော်ကားမှတ်တိုင်များတွင် စားသုံးသူအသိပညာပေးနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဗွီနိုင်းများစိုက်ထူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)