Main menu

ဈေးကွက်အတွင်း တရားမဝင် ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ နတ်တလင်းမြို့ပေါ်ရှိ ဆေးပစ္စည်းအ‌ရောင်းဆိုင်များတွင် Towards Ultimate Company Limited သည် ဂျာမနီနိုင်ငံထုတ် Parbrinex IV/HV Injection အကြောအားဆေးအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်နှင့်အညီ တရားဝင် တင်သွင်းလျက်ရှိပြီး ယခုအခါဈေးကွက်အတွင်း အဆိုပါဆေးနှင့် Composition & Strength တူ၍ အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DCR No မပါရှိသည့် Parbisure အမည်နှင့် ဆေးဝါးအား ‌ရောင်းချနေသည့်အတွက် စားသုံးသူများစွာ နစ်နာနိုင်ပါသဖြင့် အဆိုပါ ဆေးဝါးရောင်းချမှု ရှိ/မရှိကို (၁၆.၃.၂၀၂၃) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည် ။

      နတ်တလင်း မြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များတွင် Parbisure အမည်နှင့် ဆေးဝါးအား ရောင်းချခြင်း ရှိ ၊ မရှိ စစ်ဆေးရာ ဆေးဆိုင်များမှ ရောင်းချခြင်း မရှိကြောင်း တွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာပါရှိစေရေးနှင့် ဆေးပစ္စည်းများ ပြတ်လတ်မှုမရှိစေရေး စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ကိုက်ညီမှုမရှိသော ကုန်စည်များအား ဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)