Main menu

ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းနှင့်ဝန်ထမ်းများသည် (၂၁-၃-၂၀၂၃)ရက်နေ့ နေ့လယ် (၁:၀၀)နာရီ မှ (၂:၃၀)နာရီထိ စစ်တွေမြို့၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ဆရာ၊ ဆရာမများနှင့် သင်တန်းသူ(၃၅)ဦးအား  စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ရှေးဦးစွာ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်သန်းက  အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေး နှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်(Motto)” စားသုံးသူအခွင့်အရေး ဦးစားပေး”နှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ချပြဆွေးနွေးပြီး စားသုံးသူများအနေဖြင့် မိမိတို့၏ စားသုံးသူအခွင့်အရေးများဆုံးရှုံးမှုမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား ချပြ ဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပြဌာန်းချက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိသော  ကုန်စည်များကို ဝယ်ယူသုံးစွဲစေခြင်းနှင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင် သိရှိလိုသည့်သတင်းအချက်အလက်များအား စီးပွားရေးလုပ်ငန်းရှင်များသို့ မေးမြန်းပြီး ဝယ်ယူသုံးစွဲတတ်စေရေး စီးပွားရေးလုပ်ငန်းရှင်များမှလည်း ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု ကိစ္စရပ်များအား ကြိုတင်မေးမြန်းပြီးမှ နှစ်ဦးနှစ်ဖက် ကတိကဝတ်ပြု သဘောတူပြီးမှ ဝယ်ယူအသုံးပြု စေရေးနှင့် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်လာပါကမည်ကဲ့သို့ တာဝန်ယူဆောင်ရွက်ပေးနိုင်မှုများအား လေ့လာမေးမြန်းပြီး စနစ်တကျ ဝယ်ယူတတ်စေ‌ရေးအား  ချပြဆွေးနွေးခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဇော်မင်းဦးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉) စားသုံးသူ၏ အခွင့် အရေးနှင့် တာဝန်များအား ချပြဆွေးနွေးခြင်း၊ စားသုံးသူအခွင့်အရေးဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီး မှူးရုံး၌ ဖွင့်လှစ်ထားရှိသည့် (CICC- Consumer Information and Complaint Center) စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာတွင် တိုင်ကြားမှုများပြုလုပ်နိုင်ပါကြောင်း ချပြဆွေးနွေးပြီး မြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး)က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာသူများက သိလိုရှိသည်များကို မေးမြန်းရာ ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းမှ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ပြီး ဟောပြောပွဲအား ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)