Main menu

ကလေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာနမှ ကလေးခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း ဦးဆောင်ကာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဝန်ထမ်း ( ၅ ) ဦး သည် ( ၂၁.၃.၂၀၂၃ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကလေးမြို့၊ ပင်လုံရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင် ( ၃ ) ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အသိအမှတ်ပြု DRC No. မပါရှိသည့် Parbisure အမည်ဖြင့် အကြောအားဆေးများ ရောင်းချခြင်းရှိ/မရှိ သွားရောက်စစ်ဆေးရခြင်းဖြစ်ကြောင်း၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ အနေဖြင့် ဆေးရောင်းချခွင့်လိုင်စင်များ ပြုလုပ်ထားခြင်းရှိ/မရှိနှင့် သက်တမ်းများကုန်ဆုံးခြင်းရှိ/မရှိကို FDA ဌာနမှ စစ်ဆေးခဲ့ပြီး အဆိုပါလိုင်စင်များကို လူအများမြင်သာသည့်နေရာများတွင် ချိတ်ဆွဲထားရန်၊ စပ်ဆေးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် စံမညီဆေးဝါးများ ရောင်းချခြင်း မပြုလုပ်ကြရန်  ပြောကြားခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှလည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြပါရှိရမည့်အချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)