Main menu

“မုန့်တီဖတ်”လုပ်ငန်းရှင်နှင့် တွေ့ဆုံ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၃ ခုနှစ် ၊ မတ်လ(၂၀)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာရှိ မုန့်တီဖတ်လုပ်ငန်းရှင်နှင့် သွားရောက်၍ တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်မှ ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၅) ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မုန့်တီဖတ်လုပ်ငန်း ထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်သည်ကိုလည်းကောင်း၊ မုန့်တီဖတ်များဟာ အသင့်စားသုံးရသော အစားအသောက်ဖြစ်သည့်အတွက်  သန့်ရှင်းမှုရှိစေရေး မုန့်တီဖတ်များ ထုတ်လုပ်မှု အဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်စေရေးနှင့် မုန့်တီဖတ်ထုတ်လုပ်ရာတွင် တာရှည်ခံဆေး (Formalin) လုံဝသုံးစွဲမှုမပြုရန် သတိပေးတားမြစ်ပြီး မုန့်ဖတ်အခြောက်များ ပြုလုပ်ရောင်းချမည်ဆိုလျှင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖေါ်ပြရန်အတွက် မိမိတို့ စာသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)