Main menu

ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရေး စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုး၊ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများ အဖွဲ့သည် (၂၁.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒေသတွင်းထုတ်လုပ် လျက်ရှိသော နို့ကြက်ဥလျှာပေါ်စိမ့်၊ ရှမ်းကောက်ညှင်းပဲပုပ်ကြော်၊ ကြက်သွန်ကြော်၊ ဇီးလုပ်ငန်းများ သို့ သွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ မိမိတို့ ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေနိုင်ကြောင်းကို သုံးစွဲသူကသိရှိလာခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ဈေးကွက်များပိုမိုရရှိပြီး စားသုံးသူရော ထုတ်လုပ်သူပါ(Win … Win)ဖြစ်လာစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက ဆွေးနွေးရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စုအမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့် အချက် များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း သိရှိ လိုက်နာစေရန် ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက ဆွေးနွေးရာတွင် စားသုံးသူပြည်သူများအတွက် ကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက နစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိမှုများအကြောင်း၊ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် နေရာများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (1535)ဖွင့်လှစ်ထားကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

       စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာတွင် စားသုံးသူရေးရာ ဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်သော ကုန်စည်နှင့် ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရန် အတွက် ယခုလို အသိပညာပေးရခြင်းဖြစ်ကြောင်း၊ စားသုံးသူများမှ စားသောက်ကုန် တစ်ခုခုကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှုမှာ အရေးကြီးသော အခန်းကဏ္ဍတွင်ရှိကြောင်း၊ ပြည့်စုံစွာထည့်သွင်းဖော်ပြခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်မှ စားသုံးသူများအပေါ် စေတနာထား၍ ထုတ်လုပ်လျက်ရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည်ကိုသိရှိလာပြီး မိမိတို့အတွက်လည်း အကျိုးစီးပွားများ ပိုမိုအောင်မြင်ဖြစ်ထွန်းလာမည်ဖြစ်သောကြောင့် လိုက်နာဆောင်ရွက်စေလို ကြောင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(မကွေး)