စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ် တာဝန်ခံ ဦးဇော်နေလင်းသည် (၂၀.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ် ကိုးတောင့်ကျေးရွာရှိ “ မျိုး ”ကျူရှင်စာသင်ဝိုင်းသို့ ရောက်ရှိပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ကျူရှင်စာသင်ဝိုင်းဆရာမ ဒေါ်မျိုးမျိုးခိုင်မှ ကြိုဆိုနှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဌာနသမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းခြင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ဘေးအန္တရာယ် ကင်းရှင်းစေရေး ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိမှုအား အသေးစိတ်ရှင်းလင်းခြင်း၊ စားသုံးသူထိခိုက်နစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားခွင့်ရရှိမှု များအကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center(၁၅၃၅) အား ဖွင့်လှစ်ထားရှိကြောင်းတို့အား အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပြီး အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ(၁)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၉)ဦး စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)