Main menu

မြို့ပေါ်ရပ်ကွက်ရှိ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များ ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့နယ်တာဝန်ခံသည် အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ (၂၁.၃.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီတွင် မြို့ပေါ်ရပ်ကွက်ရှိ မော်တော် ဆိုင်ကယ်အရောင်းဆိုင်များအား ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မော်တော်ဆိုင်ကယ်အရောင်းပြခန်း (Show Room)တွင် ရောင်းချရန် မော်တော်ဆိုင်ကယ်တင်သွင်းရာ၌ လိုက်နာရမည့် စည်းကမ်းချက်များ၊ အစပျိုးစမ်းသပ်ကာလ (Pilot Project) အတွင်းပြည်ပမှ လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်းဆိုင်ရာလိုက်နာရမည့် စည်းကမ်းချက်များ၊ မော်တော်ယာဉ်အရောင်းပြခန်း(Show Room)တွင် ရောင်းချရန် မော်တော်ယာဉ် တင်သွင်းရာ၌လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိခြင်းတို့ကိုစစ်ဆေးခဲ့ပြီးနောက် တရားမဝင်ကုန်စည်များ တင်သွင်းရောင်းချခြင်းမပြုကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးဆောင်ရွက်ကြရန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် တားမြစ်ချက်များကို သိရှိလိုက်နာဆောင်ရွက်ရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကာ မော်တော်ဆိုင်ကယ်အရောင်းဆိုင်(၄)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)