Main menu

တောင်ငူခရိုင်အတွင်း နေကြာအစုအဖွဲ့များ ဖွဲ့စည်း

Powered by Drupal

       ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ထွက်ရှိလာသောနေကြာများ ဈေးကွက်ပိုမိုရရှိရေး၊ စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးများကို ရည်ရွယ်၍ နေကြာစိုက်ပျိုးသူ တောင်သူများအစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် စားသုံးသူရေးရာဦးစီးဌာနသည် အစုအဖွဲ့ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် (၂၀.၃.၂၀၂၃) ရက်နေ့တွင် တောင်ငူမြို့နယ်၊ အရှေ့ဆင်ကျေးရွာအုပ်စု ဘာနောင်းကျေးရွာ၌ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဘာနောင်းနေကြာစိုက်ပျိုးထုတ်လုပ်သူများ အစုအဖွဲ့ကို အမှုဆောင် ၇ ဦး၊ အဖွဲ့ ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။

            အလားတူ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် (၂၁.၃.၂၀၂၃) ရက်နေ့တွင် ဖြူးမြို့နယ်၊ ဖြူးအရှေ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ဖြူးအရှေ့ကျေးရွာအုပ်စုမှ နေကြာ စိုက် တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေးပြီး ဖြူးအရှေ့ နေကြာစိုက်ပျိုးထုတ်လုပ်သူများ အစုအဖွဲ့ကို အမှုဆောင် ၇ ဦး၊ အဖွဲ့ဝင် ၁၀ ဦးဖြင့်လည်းကောင်း၊ (၂၂.၃.၂၀၂၃) ရက်နေ့တွင် သာဓုကန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၍ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး သာဓုကန် နေကြာစိုက်ပျိုးထုတ်လုပ်သူများ အစုအဖွဲ့ကို အမှုဆောင် ၇ ဦး၊ အဖွဲ့ဝင် ၁၀ ဦးဖြင့်လည်းကောင်း ဖွဲ့စည်းပေးခဲ့ပါသည်။

              တောင်ငူခရိုင်အတွင်း နေကြာအစုအဖွဲ့များဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်လျက်ရှိရာ တောင်ငူမြို့နယ်တွင် နေကြာအစုအဖွဲ့ ၄ ဖွဲ့၊ ရေတာရှည်မြို့နယ်တွင် နေကြာအစုအဖွဲ့ ၁ ဖွဲ့၊ အုတ်တွင်းမြို့နယ်တွင် နေကြာအစုအဖွဲ့ ၂ ဖွဲ့နှင့် ဖြူးမြို့နယ်တွင် နေကြာအစုအဖွဲ့ ၅ ဖွဲ့ဖြင့် စုစုပေါင်း နေကြာအစုအဖွဲ့ ၁၂ ဖွဲ့ ဖွဲ့စည်းထားရှိပြီးကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)