Main menu

မင်းဘူးမြို့ပေါ်ရှိ ငါးမုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံအသိပညာပေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည် (ဒု-ကြီးကြပ်ရေးမှူး)နှင့်အဖွဲ့သည် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ (၂၇.၃.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့ဈေးအတွင်းရှိ A-1အမှတ်တံဆိပ် ငါးမုန့်လုပ်ငန်းရှင်အား တွေ့ဆုံအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      မင်းဘူးမြို့နယ်တာဝန်ခံက အသိပညာပေးဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် စီးပွာရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက် စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များနှင့်ပုဒ်မ(၄၁)ပုဒ်မခွဲ(စ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖေါ်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့်အခြားဘာသာတွဲလျက်ဖြစ်စေရေးသားဖေါ်ပြရမည်ဖြစ်ကြောင်း ၊လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်စည်များတွင်  ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖေါ်ပြနိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်က ထုတ်ပြန်ထားသော ကြောငြာချက်အမှတ် (၂/၂၀၁၉)နှင့်အညီဖေါ်ပြပေးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြချက်နှင့်ကိုက်ညီမှုရှိပါက ကုန်အမှတ်တံဆိပ် စီစစ်ခွင့်ပြုချက်ရရှိစေရေးအတွက် မိမိဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်းတို့အား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ကြောငြာချက်အမှတ် (၂/၂၀၁၉)ပါအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)