Main menu

မင်းဘူးမြို့မဈေးအတွင်းရှိ လက်ဖက်၊ ပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံအသိပညာပေးခြင်း

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တာဝန်ခံသည် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့်မင်းဘူးမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဖြစ်သည့် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာထည့်သွင်းဖော်ပြနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ဆွေးနွေးခြင်း၊ သတင်းအချက်အလက်ဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။    

          မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်(ဒု-ကြီးကြပ်ရေးမှူး)နှင့်အဖွဲ့သည် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက်  (၂၉.၃.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးမြို့မဈေးအတွင်းရှိ ဦးမောင်ချို အမှတ်တံဆိပ်ပါ လက်ဖက်၊ ပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

        လုပ်ငန်းရှင်အနေနှင့် လက်ဖက်၊ ပဲကြော်လုပ်ငန်းအား လုပ်ကိုင်ခဲ့ရာတွင်  နှစ်အနည်းငယ်သာရှိသေးကြောင်း၊ မြို့နယ်တာဝန်ခံက (၂/၂၀၁၉)ပါ အမိန့်ကြော်ငြာစာအားပြသ၍ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားကြောင်း လက်ဖက်၊ ပဲကြော်လုပ်ငန်းသည် အရန်သင့်အစားအစာတွင်ပါဝင်ပါကြောင်း၊ ၎င်းညွှန်ကြားချက်အတိုင်း ထည့်သွင်းရမှာဖြစ်ကြောင်းနှင့်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိပါက ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်ရရှိစေရေးအတွက် မိမိဌာနသို့တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်းရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ကြော်ငြာချက်အမှတ် (၂/၂၀၁၉) ပါအသိပညာပေး  လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)