Main menu

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk (၃/၂၀၂၃)ဟောပြောဆွေးနွေးခြင်း

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် (၂၃.၃.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက် အကူပြု Thursday Talk အသိပညာပေးဟောပြော ဆွေးနွေး ပွဲကိုပြုလုပ်ရာ ဝန်ထမ်း(၂၀)ဦး တက်ရောက်ခဲ့ပါသည်။

       အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ဒု-ဦးစီးမှူး ဒေါ်ပပရွှေ က စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပြဌာန်းချက်ပါ အခန်း(၅၊ ၇၊ ၈)တို့ကို  ဆွေးနွေးခဲ့ရာ အခန်း(၅) ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များအကြောင်း၊ ဦးစီးဌာနမှ ဦးစီးမှူးရုံးသို့ တာဝန်လွှဲအပ်နိုင်သည့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊အခန်း(၇)စားသုံးသူရေးရာကော်မတီဖွဲ့စည်းခြင်း၊ အခန်း(၈) စားသုံးသူရေးရာကော်မတီ၏ လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များ အကြောင်းအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

        ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေး က စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပါ အခန်း(၉) ပုဒ်မ-၁၉ ပါ စားသုံးသူအခွင့်အရေးများအကြောင်းအား ဆွေးနွေးရာတွင် စာသင်ကျောင်းများ၊ အသက်မွေးသင်တန်းကျောင်းများ၊ တက္ကသိုလ်၊ ဌာနဆိုင်ရာများ၊ မြို့ပြ/ ကျေးလက်နေ ပြည်သူများ စသည့်စားသုံးသူများအား အသိပညာပေးဆွေးနွေးမှုများဆောင်ရွက်ပါကြောင်း၊ ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သော "စားသုံးသူအခွင့်အရေး ဦးစားပေး" ဆိုသည့်အတိုင်းသိရှိရယူနိုင်ရန် အလွန် အရေးကြီး သောကြောင့် ထိရောက်စွာ ဟောပြောဆွေးနွေးပေးစေလိုကြောင်း၊ စားသုံးသူ၏ တာဝန်များ သိရှိရမည်ဖြစ်ပါကြောင်း၊ အခန်း(၁၀) စီးပွားရေးလုပ်ငန်းရှင် တာဝန်များဖြစ်သော ကုန်စည်(သို့) ဝန်ဆောင်မှု၏ အာမခံချက်သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အငြင်းပွားမှုကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ပါက သက်ဆိုင်ရာကော်မတီ၏ ဖြေရှင်းဆောင်ရွက်ပေးမှုနှင့် ဆုံးဖြတ်ချက်ကို အလေးထားလိုက်နာဆောင်ရွက်ရန် စသည့်သတ်မှတ်ချက်များအား အသေးစိတ်ရှင်း လင်းခဲ့ပြီးတက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)