Main menu

Crestor၊ Vaxigrip Tetra၊ Peditral ဆေးနှင့်ဆေးဝါးပစ္စည်းများ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၃ခုနှစ်၊ ဧပြီလ (၅)ရက်နေ့၊ နံနက်ပိုင်း (၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးနှင့် မြို့နယ်စည်ပင်သာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်(၆)ဆိုင်အား တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော Crestor၊ Vaxigrip Tetra၊ Peditral အမှတ်တံဆိပ်ဆေးနှင့်ဆေးဝါးပစ္စည်း အတုအပများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် တရားဝင်မှတ်ပုံတင် ထားခြင်းမရှိသော Crestor၊ Vaxigrip Tetra၊ Peditral ဆေးဝါးများအား အဆိုပါဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၆)ဆိုင်တွင်  ဖြန့်ဖြူးရောင်းချခြင်းမရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ 

   ဆက်လက်၍ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြုဆေးဝါးများကိုသာ ရောင်းချကြရန်၊ ထုတ်လုပ်/တင်သွင်းသည့် ကုမ္ပဏီ၏ဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Registration No.(IR)များ ဖော်ပြထားသောဆေးနှင့် ဆေးပစ္စည်းများကိုသာ ရောင်းချကြရန်၊ ဆေးဝါးရောင်းခွင့်လိုင်စင်များ သက်တမ်းတိုးကြရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၀)ပါ "စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်ကြစေရန် အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)