Main menu

ကျွန်းလှမြို့ CHERRY MART ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့ နယ်တာဝန်ခံရုံး အနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် ဧပြီလ(၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ CHERRY MART ကုန်စုံဆိုင်အား ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယ ဦးစီးမှူး ဦးအောင်မျိုးသန့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ ဒုတိယ ဦးစီးမှူး ဦးမင်းကျော့မောင် နှင့် စားသုံးသူရေးရာ ဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံရုံး (အကြီးတန်းစာရေး)ဒေါ်ဝေဝေအောင် တို့က  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          အဆိုပါ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသည့် မုန့်မျိုးစုံများအား ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိနှင့် သက်တမ်းလွန်ခြင်း ရှိ / မရှိ တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် ကိုက်ညီမှုရှိပြီး သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချမှု မရှိသည်ကို တွေ့ရှိရကြောင်း၊ ရောင်းချသည့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိရောင်းချသည့် ကုန်စည်အပေါ် တာဝန်ရှိမှုကို နားလည်သိရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား နှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ အတည်ပြုချက် ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် ဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် လိုက်နာရမည့် အချက်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ပေးရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)